ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ ပြောပါ။ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက် ကြာပြီ။ လိုအပ်ရင် ကျန်းမာရေး ရာဇဝင်၊ ဓါတ်မှန်၊ (အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင်၊ ကလေး ရှိ-မရှိ။ နေတဲ့တိုင်းပြည်။ "လူနာမည်၊ နေရပ်လိပ်စာ အတိအကျ ကိစ္စမရှိပါ။"
ဆေးနာမည်ရေးရင် Trade name ကုမ္ပဏီကပေးတဲ့နာမည် သာမက Generic name ဆေးနာမည် ထည့်ရေးပါ။ ဖုန်းဆက်ပြီးမေးရင် Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။ Facebook ကနေ မေးတာလဲ ပြန်ရှာရတာမလွယ်လို့ အဆင်မပြေပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဆေးပညာစာတွေ ဖတ်လိုပါရင် မာတိကာ အောက်ဆုံးမှာ ရှိပါတယ်။
- http://dts-medicaleducation.blogspot.in/ ဆေးပညာစာများ
- http://dts-medicaleducation-adult.blogspot.in/ အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
- http://yamuna-online-clinic.blogspot.in ယမုန်နာ ဆေးခန်း
- http://my-sayawun-life.blogspot.in/ ဆရာဝန်ဘဝ အမှတ်ရတာတွေ
- http://dts-political-page.blogspot.in/ နိုင်ငံရေး စာမျက်နှာ
- http://yamunaclinic.org/ ယမုန်နာ ဆေးခန်း
- http://facebook.com/tint.swe.dr Facebook

Friday, March 30, 2012

HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ

Tue, Mar 6, 2012 at 2:53 PM
နားနဲ့မနာ ဖဝါးနဲ့နာပါ။ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ ဆက်ဆံမိတယ်။ ဒါပေမဲ့ (ကွန်ဒွမ်) သုံးပါတယ်။ (ကွန်ဒွမ်) ကို ခနချွတ်ပြီးတော့ ပြန်စွပ်တယ်။ HIV ကူးနိုင်လားခင်ဗျ။ • အစောဆုံး ဘယ်တော့ သွေးစစ်ရမလဲ
HIV ပိုးရှိသူနဲ့ ဆက်စပ်မှု တနည်းနည်းရှိလို့ ကိုယ့်ကို ကူးသလား အစောဆုံးသိနိုင်အောင် သွေးစစ်ဘို့ အဲဒီအချိန်ကနေနောက် ၆ ပါတ်ကနေ ၃ လ စောင့်ရမယ်။ ၃ လစောင့်ရင် မှားပြီး အနုတ်ပြတာ မဖြစ်နိုင်ဘူး။ ၆ လထက်တော့ စောင့်စရာမလိုပါ။ HIV Antibodies (အင်တီဘော်ဒီ) ခုခံပေးမဲ့ ဓါတ်တွေ စမ်းလို့ရတဲ့အတိ များလာအောင် စောင့်ရတာဖြစ်တယ်။ Window period လို့ခေါ်ကြတယ်။ ဒီကြားထဲမှာ နောက်ထပ် ကူးစက်လာမှာမျိုးကို ရှောင်ကျဉ်ပါ။ HIV PCR test က ပိုးဝင်အပြီး ၃ ပါတ်အတွင်းမှာ သိနိုင်တယ်။
• HIV antibody test ဆိုတာဘာလဲ
အများဆုံးလုပ်တဲ့နည်း ဖြစ်တယ်။ သွေးထုတ်စစ်နည်းနဲ့ ပါးစပ်ကသွားရည်ယူစစ်နည်းတွေရှိတယ်။ ပိုးဝင်ထားလို့ ကိုယ်ခန္ဓာကနေ ခုခံပေးမဲ့ ဓါတ်တွေရှိနေတာကို စမ်းတာဖြစ်တယ်။ ချွင်းချက်ရှိတာက HIV အပေါင်းပြနေတဲ့ မိခင်ကနေ မွေးလာတဲ့ကလေးမှာလဲ ဒီ Antibodies (အင်တီဘော်ဒီ) တွေ လအတော်ကြာထိ ရှိနေမယ်။
• Rapid HIV test အမြန်နည်းဆိုတာလဲ
Antibody test ခုခံပေးမဲ့ဓါတ် ရှိ-မရှိစစ်နည်းဖြစ်တယ်။ မိနစ် ၃ဝ သာကြာတယ်။
• p24 antigen test ဆိုတာဘာလဲ
Antigens ကို စမ်းရတာဖြစ်တယ်။ ရောဂါပိုးနဲ့ဆင်တူတဲ့ ဒီဓါတ်ကနေ ကိုယ်ထဲဝင်ရင် Antibodies (အင်တီဘော်ဒီ) တွေကို ထွက်လာစေနိုင်တယ်။ နေရာတိုင်းမှာ မသုံးပါ။ P-24 Antigen test နဲ့ Antibody test နှစ်မျိုးလုံးတွဲပြီး ၃ လအတွင်းမှာ လုပ်ကြတာလဲရှိတယ်။
• NAT, DNA, RNA and PCR tests ဆိုတာတွေကဘာလဲ
HIV ပိုးရဲ့ Genetic material မျိုးဗီဇကိုစမ်းတာဖြစ်တယ် စောစောကနည်းတွေလို Antibodies နဲ့ Antigens ကိုစမ်းတာ မဟုတ်ဘူး။ Polymerase Chain Reaction (PCR) tests လို့ခေါ်တယ်။ HIV ပိုးရဲ့ မျိုးဗီဇကို ထုတ်ယူ-ပွါးစေပြီးတော့ စမ်းတယ်။ Nucleic-acid Amplification Testing or NAT ခေါ်တယ်။ ဒါမှာ ပုံစံ ၂ မျိုးရှိတယ်။ DNA PCR tests နဲ့ RNA PCR tests တွေဖြစ်တယ်။ RNA PCR tests နည်းကို သွေးလှူမဲ့သူတွေကို စမ်းတယ်။ DNA PCR tests နည်းကို ပိုးရှိတဲ့ မိခင်ကနေမွေးလာတဲ့ကလေးကို စမ်းတယ်။ ၂ မျိုးလုံးကနေ ပိုးတွေ ဘယ်လောက်များများရှိနေသလဲ သိနိုင်တယ်။ ဒါကြောင့် Viral load tests လို့ခေါ်တယ်။ NAT နည်းက မြန်တယ်။ RNA PCR test နဲ့ DNA PCR test က ၂-၃ ပါတ် စောင့်ရတယ်။ Instant tests ဆိုပြီး (အင်တာနက်) ကနေ ကြော်ညာတာတွေက အသိအမှတ်ပြု မထားတာတွေ ဖြစ်တယ်။
• HIV negative အနုတ်ပြနေခြင်း
အနုတ်ပြတိုင်းလဲ လုံးဝကင်းတယ်လို့ ပြောမရသေးပြန်ပါ။ ကိုယ့်မှာဖြစ်ဖြစ်၊ ကိုယ့်အဖေါ်မှာဖြစ်ဖြစ် ပိုးမရှိနေတာတော့ ဟုတ်တယ်။ ဒါပေမဲ့ HIV ပိုးက လိင်ဆက်ဆံမှုတိုင်းကနေ ကူးချင်မှ ကူးပါမယ်။
• False positive မှားတဲ့ အပေါင်းပြခြင်း
Flu vaccinations တုပ်ကွေး-ကာကွယ်ဆေးထိုးတာ နဲ့ Multiple pregnancies အမွှာကိုယ်ဝန်ကြောင့် မှားတဲ့ အပေါင်း ပြနိုင်တယ်။ Western blot နည်းနဲ့ သေခြာအောင်လုပ်နိုင်တယ်။ ဒီနည်းက စမ်းသပ်မှု ၂ သိန်းခွဲလုပ်မှ တယောက်သာ မှားတဲ့အပေါင်းပြနိုင်တယ်။
• Pregnancy ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်တိုင်း စစ်သင့်တယ်။ မိခင်လောင်းမှာ အပေါင်းပြနေရင် ကလေးကိုကူးဘို့များတယ်။ မွေးတုံးကဖြစ်ဖြစ် နို့တိုက်နေရင်းဖြစ်ဖြစ် ကူးနိုင်တယ်။ ကလေးကို မကူးစေချင်ရင် အတတ်နိုင်ဆုံး လုပ်နိုင်တာတွေ ရှိတယ်။
1. ကိုယ်ဝန်ဆောင်နေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။
2. မွေးနေတုံးမှာ Antiretroviral drugs ဆေးသောက်ပါ။
3. LSCS ဗိုက်ခွဲမွေးပါ။
4. မွေးပြီးပြီးချင်း ကလေးကို Antiretroviral drugs ရက်တိုဆေးကုပါ။
5. နို့မတိုက်ပါနဲ့။
• Newborn baby မွေးစကလေး
မွေးကာစကလေးကို Antibodies စမ်းရင် အပေါင်းပြမယ်။ ကြားထဲမှာ ကလေးကို ပိုးမကူးစက်ရင်တော့ ၁၈ လနေရင် HIV antibody test က အနုတ်ပြနေမယ်။ ၃ လအရွယ်ကလေးကို ပိုးကူး-မကူးသိအောင် DNA PCR test လုပ်နိုင်တယ်။

• HIV ပိုးက အသက်မပြင်းပါ။ အပူချိန်၊ အောက်စီဂျင်တွေကို နဲနဲပြောင်းလဲတာကို မခံနိုင်ဘူး။ အသေအခြာ ပြုပြင်စီမံထားတဲ့ ဓါတ်ခွဲခန်းထဲမှာ မိနစ် အနည်းငယ်သာရှင်နိုင်တယ်။ ၂-၃ မိနစ်လောက်သာ ဖြစ်တယ်။
• ဆေးထိုးအပ်ထဲမှာတော့ ရက်အနည်းငယ်အထိ ရှင်တာတွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဆေးထိုးအပ်ထဲမှာ သွေး ကျန်တောက ပိုးအတွက် အသက် ဆက်ရှင်စေနိုင်လို့ဖြစ်တယ်။
• ၂၅ နှစ်တာ လေ့လာမှုအရ အခုထိတော့ ကိုယ်ချင်းထိတွေရယုံ၊ Casual contact in the environment ပတ်ဝန်းကျင် ပစ္စည်းနဲ့ ထိတွေ့မှုတွေက HIV ကူးရတယ်ဆိုတာ မရှိသေးပါ။
• HIV ပိုးရှိနေခဲ့သူ ကွယ်လွန်သွားရင် ဘယ်လို ကိုင်တွယ်ရမလဲဆိုတာမှာ HIV တခုထဲကိုသာမက ကြည့်ရမှာ တွေထဲမှာ Opportunistic infections အခွင့်ကောင်းယူပြီး ကူစက်နေခဲ့တဲ့ ရောဂါဘယတွေကိုလဲ သတိထားရမယ်။ သေဆုံးနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဒီလောက်အရေးမကြီးပါ။ လက်အိပ်သုံးပြီးသာ ကိုင်တွယ်ပါ။ ရင်ခွဲရုံမှာ ခွဲစိတ်စစ်ဆေးရရင် မျက်စိအကာအကွယ်လဲ လိုတယ်။ သေခြာတာက တခြား ရောဂါပိုးတွေက HIV ထက်ပိုပြီး ရှင်နေနိုင်ကြတယ်။ ဥပမာ TB ပိုး။
• အခြေခံဥပဒေသ မှတ်ရမှာက HIV ပိုးရှင်နေရေးမှာ သွေးရှိနေဘို့လိုပါတယ်။ သွေးခြောက်သွားရင် ပိုးလဲ အသက် ပျောက်သွားမယ်။
• သွေးသာမက နေရာမှာ ရေဓါတ်ခြောက်သွေ့ရင်လဲ ပိုး အသက်ဆက်ရှင်ဘို့ခက်တယ်။ အခွင့်အလမ်းက နည်းနည်းလေးပေမဲ့ သတိထားသင့်တယ်။
• ချုပ်လိုက်ရင် HIV ပိုးဟာ Inanimate surface သက်မဲ့အရာတွေမှာ ရှင်နေဘို့ မဖြစ်သလောက် ခက်ခဲတယ်။ Wet fluid စိုနေတဲ့နေရာတွေမှာ Consider infectious ကူးစက်နိုင်တယ်လို့သာ မှတ်ပါ။

Dr. တင့်ဆွေ
၇-၃-၂ဝ၁၂